ကုန်စျေးနှုန်းကို ကုလို့မရဘူးလား
12-Dec-2017ရုံးဆင်းချိန်တွင် ဆေးခန်းတစ်ခုသို့ လူတစ်ယောက်လာပြီး ဆရာဝန်အား
“ ကျွန်တော့်ခြေထောက်ကို ဆေးလိမ်းပြီး ပတ်တီးစည်းပေးပါဆရာ ”
“ ခင်ဗျား ခြေထောက် ဘာဖြစ်လို့လဲ ”
“ ဘာမှမဖြစ်ပါဘူး၊ ဒါပေမဲ့ ကျွန်တော့်ကို ကူညီပါ ဆရာ ”
“ ဘာကြောင့်လဲဗျ ”
“ မနက်ဖြန်ရုံးပိတ်ရက်လေ၊ မိန်းမက စျေးဝယ်လွှတ်မှာ ကြောက်လို့ ”
“ ဟိုက် ”
Credit : မှူးအိမ်ဇင်